Resource Collection
ရှင်ပြုနားသ အလှူတော်မင်္ဂလာဆိုင်ရာ သိမှတ်ဖွယ်ဝေါဟာရများ /
Book from National Library ( Naypyitaw )
Author
ဝင်းဝင်းခိုင် ။
Publisher
Myanmar Academy of Arts and Science (MAAS) ၊ရန်ကုန် ၊၂၀၂၀ ။
Subject(s)
မြန်မာဘာသာစကား ။
Summary
ဤစာတမ်းသည် ထေရဝါဒဗုဒ္ဓဘာသာဝင်တို့၏ ရှင်ပြုနားသ အလှူတော်မင်္ဂလာဆိုင်ရာ သိမှတ် ဖွယ်ဝေါဟာရများကို လူမှုဒေသိယရှုထောင့်မှ လေ့လာတင်ပြထားခြင်းဖြစ်သည်။ ရှေးယခင်က ရှင်ပြုပုံမှာ ဆရာတော်ထံတွင် သင်္ကန်းတောင်းရွတ်ဆိုပြီး သင်္ကန်းတောင်း၊ ဆံချသင်္ကန်းဝတ်ပေး ပါသည်။ ထိုရိုးရှင်းသောရှင်ပြုပုံမှစ၍ ယခုခေတ်တွင် အဆောင်အယောင်၊ အခမ်းအနား၊ အတီး အမှုတ်များ၊ အကျွေးအမွေးဧည့်ခံမှုများ ချဲ့ထွင်အလှူပြုလာကြပါသည်။ ဤသို့သောရှင်ပြုနားသ အလှူတော်မင်္ဂလာဆိုင်ရာ သိမှတ်ဖွယ်ဝေါဟာရများကို တင်ပြရာတွင်အလှူပွဲများကို အလေ့လာခံ အဖြစ်အသုံးပြုရပါသည်။ အလှူပွဲများတွင် ကိုယ်တိုင်တွေ့ကြုံပါဝင်ခြင်း၊ အခြားသူများအား တွေ့ဆုံ မေးမြန်းဆွေးနွေးခြင်းဖြင့် အချက်အလက်များကို စုဆောင်းပါသည်။ စုဆောင်းရရှိသော ဝေါဟာရ များကို အလှူဧည့်ခံသည့်နေရာတွင်သုံးသော ဝေါဟာရများ၊ အကျွေးအမွေး ဧည့်ခံခြင်း ဆိုင်ရာ ဝေါဟာရများ၊ ရှင်လောင်းလှည့်ခြင်းဆိုင်ရာ ဝေါဟာရများ၊ ဘိသိက်မြှောက်ခြင်းဆိုင်ရာ ဝေါဟာရ များ၊ ရှင်မည်ခံပွဲဆိုင်ရာ ဝေါဟာရများနှင့် အထွေထွေဝေါဟာရများ ဟူ၍ခွဲခြား တင်ပြထား ပါသည်။ အခေါ်ဝေါဟာရများ တိုးပွားလာကြောင်းကို ဗဟုသုတဖြစ်ဖွယ်သိရှိစေပြီး အလှူပြုရာတွင် အထောက်အကူပြုနိုင်မည် ဖြစ်ပါသည်။
Research Paper
PDF