Resource Collection
ဘာသာစကားထိတွေ့မှုပုံစံများကို လူမှုဘာသာဗေဒအမြင်ဖြင့်လေ့လာခြင်း /
Book from National Library ( Naypyitaw )
Author
နန်းဝေစံ ။
Publisher
Myanmar Academy of Arts and Science (MAAS) ၊ရန်ကုန် ၊၂၀၂၀ ။
Subject(s)
မြန်မာဘာသာစကား ။
Summary
ဤစာတမ်းတွင် ဘာသာဗေဒပညာရပ်၏ပညာရပ်ခွဲတစ်ခုဖြစ်သော လူမှုဘာသာဗေဒ ပညာရပ်ရှိ ဘာသာ စကားထိတွေ့မှု သဘောတရားနှင့် ဘာသာစကားထိတွေ့မှုကို ဖြစ်ပေါ်စေသော အကြောင်း ရင်းများ ဖြစ်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည့် အကြောင်းရင်းတို့ကို သုတေသနပြု လေ့လာတင်ပြ ထားပါသည်။ ထို့နောက် ဘာသာစကားထိတွေ့ရသည့် အကြောင်းရင်းများ အပေါ်မူတည်၍ ဖြစ်ပေါ်လာသော ဘာသာစကားထိတွေ့မှု ပုံစံများဖြစ်သည့် ဘာသာစကားများကို တိုက်ရိုက်ချေးငှားအသုံးပြုခြင်း၊အသံဖလှယ်ချေးငှားအသုံးပြုခြင်း၊ ဘာသာပြန် မွေးစားအသုံးပြုခြင်း၊ ပေါင်းစပ်မွေးစား အသုံးပြုခြင်း၊ အတိုကောက်စကားလုံး အသုံးပြုခြင်း၊ စကားသင်္ကေတ ရောနှောအသုံးပြုခြင်း စသည့် ဘာသာစကား ထိတွေ့မှုပုံစံများကို လေ့လာတင်ပြထားပါသည်။ ဤသို့တင်ပြရာတွင် မြန်မာဘာသာစကားနှင့် ဘာသာစကား အဖွဲ့အစည်းမတူသော မြန်မာဘာသာ စကားတွင် လက်ရှိအသုံးပြုလျက်ရှိသော ပါဠိ၊ သက္ကတ၊ မွန်၊ ရှမ်း၊ အင်္ဂလိပ် စသည့် ဘာသာစကား များမှ မြန်မာဘာသာစကားအတွင်း ရောက်ရှိ နေသော စကားလုံးများကို အဓိကထား လေ့လာ တင်ပြထားပါသည်။
Research Paper
PDF